23.1. GNSS/GPS data များကိုမိတ်ဆက်ခြင်း (Introducing GNSS/GPS Data)

23.1.1. GPS ဆိုတာဘာလဲ

GPS Global Positioning System ဆိုသည်မှာ GPS receiver ရှိသော မည်သူမဆို ကမ္ဘာကြီးရဲ့ မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ ဂြိုလ်တုများကို အသုံးပြုပြီး ၎င်းတို့၏တိကျသော တည်နေရာကို ဖော်ပြပေးနိုင်သော စနစ်ဖြစ်ပါသည်။ GPS ကို လမ်းညွှန်ပြသရာတွင် ထောက်ကူပစ္စည်းအဖြစ် အသုံးပြုပါသည်။ ဥပမာ - လေယာဉ်၊ လှေ နှင့် တောင်တက်သူများ။ GPS receiver သည် ၎င်းရဲ့ လတ္တီကျု၊ လောင်ဂျီကျု နှင့် (တခါတရံ) အမြင့်တို့ကို တွက်ချက်ရန်အတွက် ဂြိုလ်တုများမှ အချက်ပြမှုကို ဖမ်းယူလုပ်ဆောင်ပါသည်။ Receiver အများစုသည် အောက်ပါအချက်အလက်များကို သိမ်းဆည်းထားနိုင်စွမ်းရှိပါသည်-

  • တည်နေရာများ (waypoint များဟုခေါ်ပါသည်)

  • စီစဉ်ထားသော route (လမ်းကြောင်း) တစ်ခုကိုဖြစ်ပေါ်စေသော တည်နေရာအဆက်များ

  • အချိန်နှင့်အမျှ receiver ၏ ရွှေ့လျားခဲ့သော track (ခြေရာခံလမ်းကြောင်း) မှတ်တမ်း

Waypoint များ၊ route များ နှင့် track များတို့သည် GPS data ထဲတွင် အခြေခံ feature အမျိုးအစား ၃ မျိုးဖြစ်ပါသည်။ QGIS သည် waypoint များကို point layer များအဖြစ် ဖော်ပြပြီး routes နှင့် tracks များကို linestring layer များအဖြစ် ဖော်ပြပါသည်။

Note

QGIS သည် GNSS receiver များနှင့်လည်း အလုပ်လုပ်နိုင်ပါသည်။ သို့သော် ဤ documentation တွင် GNSS အစား GPS ဆိုသည့် အသုံးအနှုန်းကို ဆက်လက်သုံးစွဲသွားပါမည်။

23.1.2. GPS device အမျိုးအစားများကို သတ်မှတ်ခြင်း (Defining GPS device types)

GPS device အမျိုးအစားများစွာရှိပါသည်။ QGIS သည် ကိုယ်ပိုင် device အမျိုးအစားကိုသတ်မှတ်နိုင်ပြီး Settings ► Options ► GPS ► GPSBabel tab အောက်တွင် parameter များသတ်မှတ်နိုင်ပါသည်။ အသေးစိတ်အတွက် GPSBabel တွင်ဖတ်ရှုပါ။

Device အမျိုးအစားအသစ်တစ်ခု ဖန်တီးလိုက်သည်နှင့် download နှင့် upload tool များအတွက် device စာရင်းများထဲတွင် device အသစ်ကို ဖော်ပြပေးမည်ဖြစ်သည်။

23.1.3. GPS data များ ရွေ့ပြောင်းခြင်း/ခေါ်ယူထည့်သွင်းခြင်း (Transferring or loading GPS data)

GPS data များကိုသိမ်းဆည်းခြင်းအတွက် file format အမျိုးအစားများစွာရှိပါသည်။ QGIS မှ အသုံးပြုသော format မှာ GPX (GPS eXchange format) ဖြစ်ပြီး file တစ်ခုတည်းတွင် waypoint များ၊ route များ နှင့် track များပါဝင်သော ဖလှယ်နိုင်သည့် standard (စံ) format တစ်ခုဖြစ်ပါသည်။

GPX file တစ်ခုကို ခေါ်ယူထည့်သွင်းရန်အတွက်-

  1. Data Source Manager dialog ထဲမှ GPS tab ကို ဖွင့်ပါ။ ဆိုလိုသည်မှာ- * Toolbar ပေါ်ရှိ dataSourceManager Open Data Source Manager ခလုတ်ကိုနှိပ်ပြီး (သို့မဟုတ် Ctrl+L ကိုနှိပ်ပါ) target tab ကို အသုံးပြုနိုင်ရန်ဖွင့်ပါ။ * သို့မဟုတ် Layer ► Add Layer ► addGpsLayerAdd GPX Layer… ကိုရွေးချယ်ပါ။

  2. GPX file ကိုရွေးချယ်ရန် GPX dataset ရဲ့ဘေးရှိ Browse ခလုတ်ကိုအသုံးပြုပါ

  3. File မှတဆင့် ခေါ်ယူထည့်သွင်းလိုသော Feature types (Feature အမျိုးအစား) ကိုရွေးချယ်ရန် check box (အမှန်ခြစ်ခြစ်ရသောနေရာများ) ကိုအသုံးပြုပါ။ Feature အမျိုးအစား တစ်မျိုးချင်းစီ (WaypointsTracks သို့မဟုတ် Routes) များကို သီးခြား layer တစ်ခုချင်းစီတွင် ခေါ်ယူထည့်သွင်းပါလိမ့်မည်။

../../../_images/gps_datasource.png

Fig. 23.1 GPS Data များခေါ်ယူထည့်သွင်းခြင်း dialog

QGIS သည် GPX file များကိုအသုံးပြုသောကြောင့် အခြား GPS file format များကို GPX format အဖြစ်ပြောင်းလဲဖို့လိုအပ်ပါသည်။ Format များစွာကနေ ပြောင်းလဲခြင်းအတွက် အခမဲ့ အသုံးပြုနိုင်သော GPSBabel <https://www.gpsbabel.org> program ကို အသုံးပြုနိုင်ပါသည်။ ဤ program သည် GPS data များကို ကွန်ပျူတာနှင့် GPS device အကြား အကူးအပြောင်းပြုလုပ်ခြင်းအတွက်လည်း အသုံးပြုနိုင်ပါသည်။ ၎င်းတို့ကိုလုပ်ဆောင်ရန်အတွက် QGIS သည် GPSBael ပေါ်တွင် မှီခိုအားထားပြီး GPS group အောက်တွင် အသုံးပြုနိုင်သော processing algorithm များ ကိုထောက်ပံ့ပေးပါသည်။

Note

GPS များတွင် data များကို coordinate system အမျိုးမျိုးဖြင့် သိမ်းဆည်းထားနိင်ပါသည်။ GPX file တစ်ခုကို (GPS သို့မဟုတ် web site မှ) download ရယူပြီး QGIS ထဲသို့ ခေါ်ယူထည့်သွင်းသောအခါ GPX file ထဲတွင် သိမ်းဆည်းထားသော data များသည် WGS 84 (latitude/longitude) ဖြစ်နေရန်လိုအပ်ပါသည်။ QGIS သည် ထိုကဲ့သို့ဖြစ်မည်ဟု မျှော်လင့်ထားပြီး ၎င်းသည် အသုံးများသော (ပုံမှန်အသုံးပြုသော) GPX specification (သတ်မှတ်ချက်) ဖြစ်ပါသည်။ GPX 1.1 Schema Documentation <https://www.topografix.com/GPX/1/1/> တွင်ကြည့်ရှုပါ။